Slider

Recent Tube

What We Do

Get-involved

Video

Photo

Our Beneficiaries

Other

» » » » MTJC ကျောင်းသူ ၂ ဦး ယွန်းစလင်းမြစ်အတွင်း ရေနှစ်သေဆုံး


Author - Jorshee
 
26 March 2019 - KED

ဖါပွန်ခရိုင်အတွင်းရှိ MTJC- Mutraw Junior Collage ကျောင်းသူ တစ်ဦးက သူ၏အတန်းဖော်ကျောင်းသူ တစ်ဦးကို ယခုလ ၂၂ ရက်က ယွန်းစလင်းမြစ် အတွင်းရေကူးသင်ကြားပေးနေရင်း ၀ဲဂယက်အတွင်း ရောက်ရှိကာ နှစ်ဦးစလုံးရေနစ်သေဆုံးခဲ့သည်။ 

ရေကူးနေကြသော အခြားကျောင်းသူများက ကယ်ဆယ်ရန်ကြိုးစားခဲ့ကြသော်လည်း တစ်နာရီခန့်အကြာတွင် ၎င်းတို့၏အလောင်များကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။
သေဆုံးသူများမှာ လူသောမြို့နယ် ထီးဆွယ်နီရွာမှ အသက် ၁၉ နှစ်ရှိ နော်ခုခုရှီးနှင့် တေးမူဒဲရွာမှ အသက် ၂၀ နှစ်ရှိနော်သောတူဖောတို့ဖြစ်သည်။

"သူတို့ ၂ ဦးအခုလို ရေနှစ်သေတာကတော့ စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က MTJC ကျောင်းပြီးရင် ကရင်လူမှုအဖွဲ့အစည်းထဲမှာ ပြန်ကူညီမယ့် ကျောင်းသူတွေလည်းဖြစ်တယ်။ အခုလိုဖြစ်တော့ ကျနော်တို့အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ရတယ်လို့" ဗဟို ပညာရေးဌာနက ရုံးအုပ် ဆရာ စောဘဲနေ က ပြောပါတယ်။

MTJC ကျောင်းအား ၂၀၁၈ မှစတင်ကာ IHE- Institute Higher Education အစီစဉ်ဖြင့်ဖွင့်လှစ်ခဲ့ပြီး သက်တမ်းတစ်နှစ်ကျော်သာရှိသေးသည့် ဂျူနီယာကောလိပ်ကျောင်းဖြစ်သည်။

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply